Thursday, February 18, 2010

ဒုတိယ အသည်းကွဲဇာတ်လမ်းပေါ့……………

လမင်း သီချင်းတစ်ပုဒ်ကိုကြားမိတယ်…….. အဲဒီသီချင်းက ……..
“ မင်းကိုချစ်တဲ့စိတ်ကလေးတစ်ခုနဲ့မင်းဆန္ဒတွေလိုက်လျှောခဲ့တယ် အနိုင်ယူပါတော့ချစ်သူရယ် အရှူံးပေးချစ်နေမယ် …မင်းလိုအပ်တာဖြည့်ဆည်းပေးမယ်
မင်းရဲံအနားမှာငါအမြဲရှိမယ် အမှန်ကန်တဲ့စကားဆိုမယ် တစ်သက်လုံးအတွက်မင်းလေးအတွက်ပါဘဲ “
လမင်းပြုံးမိပါတယ်…….. လမင်း ပြောပြမယ်နော်……….
လမင်း …. လူယောက်ကို ချစ်မိပြန်ပြီနဲ့တူတယ်……… ဘယ်လိုလုပ်ရမှာလည်း….. ဒီတစ်ခါလည်းအရှူံးဘဲရမယ်လို့လမင်းထင်မိတယ်….. ပြောရရင် လမင်းချစ်တဲ့လူစိတ်ချမ်းသာရင် လမင်းကျေနပ်တဲ့သူပါ…….. လမင်းဘ၀မှာလေ လူတစ်ယောက်ကို လမင်းချစ်ခဲ့ဘူးတယ်… လမင်းမမေ့နိုင်လောက်အောင်ကို ချစ်ခဲ့မိတာပါ..
ဒါပေမဲ့လေ သူပေးခဲ့တဲ့ တန်ပြန်သက်ရောက်မှုတွေက လမင်းအတွက် အမြဲတမ်းမျက်ရည်ပါဘဲ လမင်းကျေနပ်ပါတယ် သူပျော်တယ်ဆိုရင်ပေါ့…….
လမင်းသူ့ကိုမမေ့ပါဘူး သူကျေနပ်တယ် ပျော်ရွင်နေတယ်ဆိုရင် လမင်းဝမ်းသာပါတယ်………
လမင်းကလေ လမင်းချစ်တဲ့လူပျော်ရင် လမင်းကျေနပ်တယ်…….
ပျော့ညံတယ်လို့ တစ်ခြားလူတွေက လမင်းကိုပြောတယ်…. ဟုတ်တယ် လမင်းချစ်တဲ့သူနဲ့ပတ်သတ်ရင် လမင်းပျော့ညံတယ်… ဘာလို့လည်းဆိုတော့လမင်းက သူ့ကိုအရမ်းချစ်တဲ့သူမလို့ဘဲ…… လမင်းသူနဲ့ပတ်သတ်ပြီး ဘာမှမပြောတော့ပါဘူး လမင်းမေ့မထားပါဘူး သူလိုရင် လမင်းကူညီတယ်……. ခုလမင်း လူတစ်ယောက်ကို ချစ်မိနေပြီထင်တယ်……. ဒီတစ်ခါလည်း လမင်းနှလုံးသား ထပ်ခံနိုင်ရည်ရှိပါ့မလား…….
လမင်းနှလုံးသားကို လမင်းသနားပါတယ်….. ဘာလို့များလူတစ်ယောက်ကို အရမ်းချစ်တတ်တာလဲလို့ပေါ့……. လမင်းလေ သူ့ကို အရမ်းလွမ်းတယ်.. သတိရတယ်…….. သူမလာရင် နေမကောင်းဘူးလား စိတ်ပူမိတယ်……. ဒါတွေကို သူမသိနိုင်ပါဘူး………
သေချာပါတယ် …. ဒီတစ်ခါလည်း လမင်း လူတစ်ယောက်ကို လမင်းနှလုံးသားက ထပ်ရှူံးပြန်ပြီ…. လမင်းမှာ ခံနိုင်ရည်မရှိတော့ဘူး……. လမင်း ကျေနပ်ပါတယ် သူပျော်နေတယ် ဆိုရင်ပေါ့…….. တစ်ချို့ကပြောတယ် လမင်းကို နင်က ဝေသန္တရာ လက်သစ်လားတဲ့ …….. လမင်းဖြေလိုက်ချင်ပါတယ် လမင်းလည်းသူများတွေလို ကိုယ့်ချစ်သူကို ရယူပိုင်ဆိုင်ချင်တာပေါ့….. ဒါပေမဲ့လေ လမင်းက သူ့ကိုပိုင်ဆိုင်ပေမဲ့
လမင်းကြောင့် သူစိတ်ဆင်းရဲနေရမယ်ဆိုရင် ….. လမင်းမခံစားနိုင်ဘူး လမင်းချစ်တဲ့လူကို
လမင်းဘယ်တော့မှ ချူ့ပ်နှောင်ထားမှာမဟုတ်ဘူး…. လမင်းကို သူချစ်နိုင်တဲ့ အချိန်ထိဘဲ ချစ်ပါလမင်းကျေနပ်ပါတယ် …ဒါပေမဲ့ လမင်းကိုမချစ်တော့ရင်လည်းပြောပေးပါ……. လမင်းထွက်သွားပေးမှာပါ ဒါက လမင်းမချစ်လို့မဟုတ်ဘူးနော် လမင်းသူ့ကို အရမ်းချစ်လို့လမင်းရဲ့ နှလုံးသားက နောက်တစ်ကြိမ်ပြန်တည်ဆောက်ဖို့ ……..
အချိန်ဆိုတာက လိုသေးတယ်…..
လမင်းကိုက ကံမကောင်းခဲ့တာပါ……. လမင်းကို ချစ်တယ်လို့ ယုံကြည်ရတဲ့လူတစ်ယောက်ကို လမင်းမယုံခဲ့ဘူး……… လမင်း နှလုံးသားကို အလိုလိုက်ခဲ့မိတယ် ….. လမင်းမှားတယ်လို့ မပြောပါဘူး……. ချစ်တတ်နေတဲ့ နှလုံးသားလေးကို သနားတယ်…….. ခဏခဏ မျက်ရည်ကျနေရတယ်……..
သေချာတာကတော့ နောက်တစ်ချိန်ချစ်ဖို့ဆိုတာကို ………. လမင်းမယုံရဲတော့သလို ….
သူ့ကိုချစ်တာ မှားတယ်လို့တော့လမင်းမပြောချင်ဘူး…… လက်ခုတ်ဆိုတာ နှစ်ဖက်တီးမှမြည်တာလေ …….. လမင်းကို သူထားသွားခဲ့တာ လမင်းအပြစ်မမြင်ပါဘူး….
လမင်းချစ်တဲ့လှူ နှစ်ယောက်လုံးက တစ်ခြားကောင်မလေးကို လမင်းထက်ပိုချစ်လို့……
ပထမ တစ်ယောက်ကလမင်းကို ထားခဲ့သလို…… ခုသူလည်း အဲလိုဘဲလို့ လမင်းထင်ပါတယ်.။
ခုစာရေးတော့ မျက်ရည်ကျမိတယ် ………. ဘာလည်း ဒါက ပျော့ညံတဲ့စိတ်ဘဲလေ …….
အားတင်းထားပါတယ်…….. တစ်ချိန်ချိန်မှာတော့ လမင်း တန်ပြန်သက်ရောက်မှုက ရောက်လာမှာပါ လမင်း သူပေါ်ကို တကယ်ချစ်ခဲ့အတွက် သူ ၀ဋ်မလည်ပါစေနဲ့လို့ဘဲ …..
လမင်းဆုတောင်းပေးမှာပါ……. လမင်း သူကို ခွင့်လွတ်ပါတယ်…….ဘာလို့လည်းဆိုတော့ လမင်း သူ့ကို အရမ်းချစ်မိနေလို့ဘဲ …….. ကြိုးစားသွားပါ့မယ် လမင်းမေ့ဖို့ပေါ့………….

အချစ်ဟောင်းရေ ၊ ဝေဒနာပေါင်းရုံပြီး
ထားရစ်ခဲ့ပါ ၊ အလွမ်းမှတ်တိုင်ကြီး အဖြစ်နဲ့
နေခဲ့ပါမယ်………
တစ်ချိန်ချိန်မှာတော့ လမင်းရဲ့ ချစ်ချင်းကို သူသိရင် လမင်းကျေနပ်ပါပြီ…………