Thursday, February 18, 2010

ဒုတိယ အသည်းကွဲဇာတ်လမ်းပေါ့……………

လမင်း သီချင်းတစ်ပုဒ်ကိုကြားမိတယ်…….. အဲဒီသီချင်းက ……..
“ မင်းကိုချစ်တဲ့စိတ်ကလေးတစ်ခုနဲ့မင်းဆန္ဒတွေလိုက်လျှောခဲ့တယ် အနိုင်ယူပါတော့ချစ်သူရယ် အရှူံးပေးချစ်နေမယ် …မင်းလိုအပ်တာဖြည့်ဆည်းပေးမယ်
မင်းရဲံအနားမှာငါအမြဲရှိမယ် အမှန်ကန်တဲ့စကားဆိုမယ် တစ်သက်လုံးအတွက်မင်းလေးအတွက်ပါဘဲ “
လမင်းပြုံးမိပါတယ်…….. လမင်း ပြောပြမယ်နော်……….
လမင်း …. လူယောက်ကို ချစ်မိပြန်ပြီနဲ့တူတယ်……… ဘယ်လိုလုပ်ရမှာလည်း….. ဒီတစ်ခါလည်းအရှူံးဘဲရမယ်လို့လမင်းထင်မိတယ်….. ပြောရရင် လမင်းချစ်တဲ့လူစိတ်ချမ်းသာရင် လမင်းကျေနပ်တဲ့သူပါ…….. လမင်းဘ၀မှာလေ လူတစ်ယောက်ကို လမင်းချစ်ခဲ့ဘူးတယ်… လမင်းမမေ့နိုင်လောက်အောင်ကို ချစ်ခဲ့မိတာပါ..
ဒါပေမဲ့လေ သူပေးခဲ့တဲ့ တန်ပြန်သက်ရောက်မှုတွေက လမင်းအတွက် အမြဲတမ်းမျက်ရည်ပါဘဲ လမင်းကျေနပ်ပါတယ် သူပျော်တယ်ဆိုရင်ပေါ့…….
လမင်းသူ့ကိုမမေ့ပါဘူး သူကျေနပ်တယ် ပျော်ရွင်နေတယ်ဆိုရင် လမင်းဝမ်းသာပါတယ်………
လမင်းကလေ လမင်းချစ်တဲ့လူပျော်ရင် လမင်းကျေနပ်တယ်…….
ပျော့ညံတယ်လို့ တစ်ခြားလူတွေက လမင်းကိုပြောတယ်…. ဟုတ်တယ် လမင်းချစ်တဲ့သူနဲ့ပတ်သတ်ရင် လမင်းပျော့ညံတယ်… ဘာလို့လည်းဆိုတော့လမင်းက သူ့ကိုအရမ်းချစ်တဲ့သူမလို့ဘဲ…… လမင်းသူနဲ့ပတ်သတ်ပြီး ဘာမှမပြောတော့ပါဘူး လမင်းမေ့မထားပါဘူး သူလိုရင် လမင်းကူညီတယ်……. ခုလမင်း လူတစ်ယောက်ကို ချစ်မိနေပြီထင်တယ်……. ဒီတစ်ခါလည်း လမင်းနှလုံးသား ထပ်ခံနိုင်ရည်ရှိပါ့မလား…….
လမင်းနှလုံးသားကို လမင်းသနားပါတယ်….. ဘာလို့များလူတစ်ယောက်ကို အရမ်းချစ်တတ်တာလဲလို့ပေါ့……. လမင်းလေ သူ့ကို အရမ်းလွမ်းတယ်.. သတိရတယ်…….. သူမလာရင် နေမကောင်းဘူးလား စိတ်ပူမိတယ်……. ဒါတွေကို သူမသိနိုင်ပါဘူး………
သေချာပါတယ် …. ဒီတစ်ခါလည်း လမင်း လူတစ်ယောက်ကို လမင်းနှလုံးသားက ထပ်ရှူံးပြန်ပြီ…. လမင်းမှာ ခံနိုင်ရည်မရှိတော့ဘူး……. လမင်း ကျေနပ်ပါတယ် သူပျော်နေတယ် ဆိုရင်ပေါ့…….. တစ်ချို့ကပြောတယ် လမင်းကို နင်က ဝေသန္တရာ လက်သစ်လားတဲ့ …….. လမင်းဖြေလိုက်ချင်ပါတယ် လမင်းလည်းသူများတွေလို ကိုယ့်ချစ်သူကို ရယူပိုင်ဆိုင်ချင်တာပေါ့….. ဒါပေမဲ့လေ လမင်းက သူ့ကိုပိုင်ဆိုင်ပေမဲ့
လမင်းကြောင့် သူစိတ်ဆင်းရဲနေရမယ်ဆိုရင် ….. လမင်းမခံစားနိုင်ဘူး လမင်းချစ်တဲ့လူကို
လမင်းဘယ်တော့မှ ချူ့ပ်နှောင်ထားမှာမဟုတ်ဘူး…. လမင်းကို သူချစ်နိုင်တဲ့ အချိန်ထိဘဲ ချစ်ပါလမင်းကျေနပ်ပါတယ် …ဒါပေမဲ့ လမင်းကိုမချစ်တော့ရင်လည်းပြောပေးပါ……. လမင်းထွက်သွားပေးမှာပါ ဒါက လမင်းမချစ်လို့မဟုတ်ဘူးနော် လမင်းသူ့ကို အရမ်းချစ်လို့လမင်းရဲ့ နှလုံးသားက နောက်တစ်ကြိမ်ပြန်တည်ဆောက်ဖို့ ……..
အချိန်ဆိုတာက လိုသေးတယ်…..
လမင်းကိုက ကံမကောင်းခဲ့တာပါ……. လမင်းကို ချစ်တယ်လို့ ယုံကြည်ရတဲ့လူတစ်ယောက်ကို လမင်းမယုံခဲ့ဘူး……… လမင်း နှလုံးသားကို အလိုလိုက်ခဲ့မိတယ် ….. လမင်းမှားတယ်လို့ မပြောပါဘူး……. ချစ်တတ်နေတဲ့ နှလုံးသားလေးကို သနားတယ်…….. ခဏခဏ မျက်ရည်ကျနေရတယ်……..
သေချာတာကတော့ နောက်တစ်ချိန်ချစ်ဖို့ဆိုတာကို ………. လမင်းမယုံရဲတော့သလို ….
သူ့ကိုချစ်တာ မှားတယ်လို့တော့လမင်းမပြောချင်ဘူး…… လက်ခုတ်ဆိုတာ နှစ်ဖက်တီးမှမြည်တာလေ …….. လမင်းကို သူထားသွားခဲ့တာ လမင်းအပြစ်မမြင်ပါဘူး….
လမင်းချစ်တဲ့လှူ နှစ်ယောက်လုံးက တစ်ခြားကောင်မလေးကို လမင်းထက်ပိုချစ်လို့……
ပထမ တစ်ယောက်ကလမင်းကို ထားခဲ့သလို…… ခုသူလည်း အဲလိုဘဲလို့ လမင်းထင်ပါတယ်.။
ခုစာရေးတော့ မျက်ရည်ကျမိတယ် ………. ဘာလည်း ဒါက ပျော့ညံတဲ့စိတ်ဘဲလေ …….
အားတင်းထားပါတယ်…….. တစ်ချိန်ချိန်မှာတော့ လမင်း တန်ပြန်သက်ရောက်မှုက ရောက်လာမှာပါ လမင်း သူပေါ်ကို တကယ်ချစ်ခဲ့အတွက် သူ ၀ဋ်မလည်ပါစေနဲ့လို့ဘဲ …..
လမင်းဆုတောင်းပေးမှာပါ……. လမင်း သူကို ခွင့်လွတ်ပါတယ်…….ဘာလို့လည်းဆိုတော့ လမင်း သူ့ကို အရမ်းချစ်မိနေလို့ဘဲ …….. ကြိုးစားသွားပါ့မယ် လမင်းမေ့ဖို့ပေါ့………….

အချစ်ဟောင်းရေ ၊ ဝေဒနာပေါင်းရုံပြီး
ထားရစ်ခဲ့ပါ ၊ အလွမ်းမှတ်တိုင်ကြီး အဖြစ်နဲ့
နေခဲ့ပါမယ်………
တစ်ချိန်ချိန်မှာတော့ လမင်းရဲ့ ချစ်ချင်းကို သူသိရင် လမင်းကျေနပ်ပါပြီ…………

Monday, January 25, 2010

လယ်ထွန်သွားနွားမေ့………………..

အဲဒီစကားပုံလေးကို လူတိုင်းသိမယ်ထင်ပါတယ်…
လမင်းလည်း တစ်ခါအဲလိုဖြစ်ဘူးတယ်………………….
လမင်း ၇တန်းနှစ်က လမင်း အ.ထ.က(၁) မှာကျောင်းတတ်တာပါ…..
အင်းဖြစ်ပုံကတော့ တော်တော်လေးကို ဆန်းတယ်…
လမင်းမှာ အကိုတွေရှိတယ် ကျောင်းလိုက်ပို့နေကျ အကိုက ကိုခိုင်လေ…
ကိုခိုင်က ညီမလေးလွယ်အိပ်ကိုလွယ်ပေးနေကျလေ …
ဖြစ်ချင်တာ့ ညနေကျောင်းဆင်းတော့ ရီပို့ကတ်ရတာ အဆင့် တတ်လာလို့ပျော်နေတာပေါ့ အိမ်ရောက်ရင် အမေက မဆူတော့ဘူးလေ လူကမြှောက်ကြွမြှောက်ကြွဖြစ်နေတယ်
အိမ်ရောက်တော့ ကြွားတာပေါ့ အဆင့် ၁ရတယ်ပေါ့ ပြောရရင် လမင်းမေမေက အဆင့် ၁ ကနေ ၁၀ အတွင်းမ၀င်ရင်ကြမ်းတာနော် တကယ်တော့ စာကျက်တာမေမေကိုကြောက်လို့
ဟဲနောက်နေ့ကျောင်းသွားတာပေါ့ ကိုခိုင်၇ယ် ညီမလေး ရယ်လမင်းရယ်ထုံးစံအတိုင်းပေါ့
သွားကြတာ ဖြစ်ချင်တော့ ကျောင်းရောက်သွားပြီ ခပ်တည်တည်ဘဲ ကျောင်းအပေါက်ဝမှာအတန်းပိုင်ဆရာမနဲ့ စကားတွေပါတွေပြောနေတာပေါ့
နောက်ပြီး ကျောင်းခန်းထဲသွားတာပေါ့ အခန်းထဲရောက်တော့ သူငယ်ချင်းတစ်ယောက်ကမေးတယ် နင်စာရေးပြီးပြီလားတဲ့သေရောဟ
အဲဒီချိန်မှ သိလိုက်တာက လွယ်အိမ်ပါမလာခဲ့ဘူး ဟဲ သိတယ်မလားကျောင်းလာတာကိုအဲလိုအဲလို အဲဒီခါကျမှဟာငါလွယ်အိပ်ငါ့အကိုလွယ်ထားတာသူလည်းပေးဖို့မေ့နေတယ်ပေါ့
ဘာညာပေါ့ ဒါနဲ့ ခပ်တည်တည်ဘဲ ကျောင်းတတ်ခေါင်းလောင်းက အဲဒီချိန်မှာထိုးရောသေပြီဆရာဘဲ ဒါနဲ့ ငါအိမ်ပြန်မယ်ပေါ့ ဒါနဲ့လစ်တော့မလို့
အတန်းပိုင်ဆရာမနဲ့တိုးရော ဆရာမ သမီးအကိုလွယ်အိပ်မပေးမိဘူး ဘာညာပေါ့ ဆရာမကလည်း အင်းပြန်လိုက်ပေါ့ ခွင့်ပေးလိုက်တယ် ရှယ်ဘဲ တော်တော်မိုက်တယ်
ကျောင်းကထွက်လာတာ အဖြူအစိမ်းနဲ့ လွယ်အိပ်မပါ ပိုက်ဆံမပါ ကံကကောင်းချင်တော့
လမင်း သူငယ်ချင်းနဲ့တွေ့တာ သူကျောင်းလာတာ သူကသူ့အကို့ကိုလိုက်ပို့ခိုင်းမယ်တဲ့
ရတယ်ဆိုတော့ ပိုက်ဆံချေးလိုက်တာပေါ့ အဆင်ကိုပြေနေတာဘဲ ဒါနဲ့လမ်းလျှောက်သွားတာသုံးလှမ်းလေးလှမ်းလောက်လျှောက်ပြီူးတော့ ဟောတွေ့ပါပြီ
ကိုခိုင်ကို အမလေးဝမ်းသာလွန်းလို့ ထခုန်မတတ်ဘဲ ဒါနဲ့ ကိုခိုင်ဆီမှလွယ်အိပ်က ကျောင်းပြန်သွားပေါ့ လွယ်အိပ်ပါလာတယ်ပေါ့ သွားတော့ဘူး ခွင့်တိုင်ပြီးပြီလို့ပြောပြီးအိမ်ကိုပြန်ခဲ့တာလေ ဖြစ်ပုံကဒီလို လူကမြှောက်ကြွမြှောက်ကြွဖြစ်နေတော့ လွယ်အိပ်ကိုမေ့နေတာလေ ကိုခိုင်ကဘယ်တော့မှလမင်းလွယ်အိပ်ကိုမလွယ်ဘူး ညီမလေးလွယ်အိပ်ဘဲလွယ်ပေးတာ
ဒါကို ခပ်တည်တည်ဘဲ ဆရာမရော သူငယ်ချင်းတွေပါ လိမ့်ခဲ့လိုက်တာ
မေမေ ကတန်းသိတယ် လွယ်အိပ်ကျန်ခဲ့တာ သိလို့ချက်ချင်း အကိုမျိုးချစ်ကိုနောက်ကလိုက်ပေးခိုင်းတာလေ ဖြစ်ချင်တော့ လမင်းတို့က ဆိုင်ကယ်နဲ့ကို အကိုမျိုးချစ်က စက်ဘီးနဲ့ဆိုတော့ မမှီတော့ဘူးလေ ကိုခိုင်နဲ့လမ်းမှာတွေ့တော့ လာပေးတာကိုခိုင်က လမင်းကကျောင်းမတတ်လိုက်ရဘူး အဲဒီနေ့က
ဟဲ ဖြစ်တတ်ပါတယ်နော် လူဘဲမေ့တတ်တယ်လေ။……………..

မေ့မရတဲ့ သူငယ်ချင်းများ……

အမှတ်တရဘဲ လမင်းတို့အုပ်စုက ၆ တန်းကလည်းကမှ ၀ိုင်းသင်တာ ၁၀ယောက်ရှိတယ်
သိတယ်မလား ပြောမနာဆိုမနာတွေပေါ့ …… ယောကျာင်္းလေးက ၄ ယောက် မိန်းကလေးက၆ယောက်လေ …… ဒီလိုနဲ့လမင်းတို့ ၈တန်းနှစ်မှာပေါ့..
ဟိုကောင်တွေ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး ဆရာမကိုတိုင်တာပေါ့
သူတို့ကလည်း ပြန်တိုင်ဖို့ ဂွင်ချောင်းနေတယ် သူ့တို့ကောင်လေးတွေကြည့်အဆော်ခံထားရတာလေ..
တစ်နေတော့ ကျောင်းပိတ်ရက်ပေါ့ မိန်းကလေးတွေကြည့်ဘဲ နာရီကလည်းကျော်နေပြီ
ဆရာမလည်းမလာဘူး ဟိုကောင်တွေလည်းမလာဘူး ဒါနဲ့လစ်ရအောင်
စာမကျက်ချင်ဘူးပေါ့ တကယ်တော့ ဆရာမလာမယ်ဆိုတာကိုသိတယ် ဟိုကောင်တွေလည်းမရှိ ကောင်မလေးတွေလည်း မ၇ှိဘူးဆိုဆရာမပြန်မှာပေါ့လေ
အဲလိုအကြံက ဒါနဲ့ ၆ယောက်သား လစ်တာပေါ့ လစ်တာကလည်းဝေးဝေးလံလံဘဲ
တစ်အိမ်ကျော် အဆောင်ကိုလစ်တာလေ ကြည့်တော့ကြည့်နေတာဘဲ ဆရာမမလာဘူးပေါ့သူ့ဟာနဲ့သူတော့ဟုတ်နေတာဘဲ …
အင်း ဖြစ်ချင်တော့ ဆရာမလာတယ်တဲ့ သူငယ်ချင်းအိမ်ကပြောတယ်
သေပြီဆရာဘဲ အိမ်ကလမင်းကိုလာကြိုတယ်တဲ့…
အင်း ဒါနဲ့ပြီးပြီဘာမှဟုတ်ဘူးပေါ့ ခပ်တည်တည်ဘဲ
အိမ်ကလာကြိုတာကိုစောင့်နေတယ် အိမ်ကလာကြိုတော့လိုက်သွားတယ်..
ပြောရရင်လေ အဲဒီနေ့က အိမ်မှာမေမေနဲ့ဖေဖေ မရှိဘူး အကိုတွေနဲ့ကျန်ခဲ့တာ
အငေါက်မခံရဘူးပေါ့ အကိုတွေကလည်း ညီမလေး ဘယ်သွားတာတုန်း ဒီလေက်ဘဲမေးတယ်လျှောက်သွားတာမဟုတ်တော့အေးဆေးပေါ့..
နောက်နေ့ကျောင်းဖွင့်တော့ ထမင်းစားချိန် ရောက်တော့ ဆရာမကခေါ်ခိုင်းလိုက်တယ်တဲ့
ဟဲဒါကို သဘောမပေါက်သေးဘူး ပျော်ပျော်ဘဲ သွားကြက အလွန်ဆုံးဆူရုံဘဲပေါ့..
ဆရာမက မြင်မြင်ခြင်း လာဆိုပြီး တစ်ယောက်၃ ချက်စီ ရိုက်တာပေါ့
လမင်းက ၄ ချက် ဘာလို့လည်းဆိုလည်း အိမ်ကလာကြိုတာ ကျူရှင်မှာမရှိလို့တဲ့…
အင်းကျောင်းသူကျောင်းသား အငယ်တွေရှေ့မလို့တော်သေးတာပေါ့…
ဂတိပေးပြီး သွားကျတာပေါ့ ကျောင်းတတ်တော့မှာလေ..
လမင်းကိုက ကံစိုးချင်တာပါ လမင်း ၈တန်းနှစ်ကတည်းကမှ ဆိုင်ကယ်ကျောင်းတတ်လည်းကိုယ့်ဘာသာ စီးတာ ကျူရှင်ရော..
အဲဒီနေ့ကျမှ အိမ်က အကိုတွေလိုက်ပို့ခိုင်းလိုက်တာ အဲလို အရိုက်ခံဖို့ကံကပါလာတယ်ထင်တယ် ကျူရှင်လစ်ပြီးဘာလုပ်လည်းဆိုရင်
မှတ်မှတ်ရရ “ကျွန်တော်နာမည်သုည” တဲ့ နေမျိုးအောင်ကားထိုင်ကြည့်နေကျတာလေ .. သတိရလိုက်တယ် “ကျွန်တော်ကတော့ ၄ချက်လို့” ဟဲ အရိုက်ခံရတာ ၄ ချက်မလို့လေ..
တကယ်တော့ ဟိုကောင်တွေချွန်လိုက်လို့ အရိုက်ခံလိုက်ရတာ …
အဲလိုတစ်ယောက်နဲ့တစ်ယောက်ချစ်ကျတာလေ ………………..
ခုလမင်း သူငယ်ချင်းထဲမှာ တစ်ယောက်တော့ဆုံးသွားပါပြီ ..
အရင်လို သူငယ်ချင်း ၁၀ယောက် ဘယ်လိုမှပြန်မဆုံနိုင်တော့ပါဘူး…
တစ်နေရာဆီယောက်နေသလို တစ်မြို့တည်းရှိပေမဲ့ လူစုံဖို့မလွယ်ကူတော့ပါဘူး……………….

Sunday, January 24, 2010

အမြဲတမ်း အမှတ်ရနေမဲ့ အဘိုးသို့ …………..

လောကကြီးမှာ အချစ်မေတ္တာ အမျိုးမျိုးရှိပါတယ်…………..အဲင်္ဒီ အချစ်မေတ္တာတွေထဲမှာ ၅၂၈ ဆိုတဲ့ မေတ္တာကတော့ အေးချမ်းဆုံးပါဘဲ………. လမင်းကို ခုချိန်ထိ ဘယ်သူမေးမေးဖြေနေကျကတော့ ဘယ်သူ့ကို့ အချစ်ဆုံးလည်းဆိုရင် လမင်းအဘိုးကို လမင်းအချစ်ဆုံးပါ …….. လမင်း ကအဘိုးလက်ထဲမှာကြီးပြင်းလာခဲ့တဲ့သူဆိုတော့
အဘိုးနဲ့ မြေးသံယောဇာဉ်ကိုတွက်ကြည့်လိုက်လေ အဘိုးက မြေးတွေထဲမှာ လမင်းနဲ့ လမင်းအကို ဖိုးချမ်းကို အချစ်ဆုံးပါ လမင်းငယ်ငယ်လေးကတည်းကမှ အဘိုးနဲ့နေခဲ့ရတယ် မိဘတွေဆီကို လမင်းကျောင်းပိတ်မှ သွားရတာပါ အန်တီလေးက စည်းကမ်းတင်းကျပ်တယ်
ဒါပေမဲ့ လမင်းအဘိုးကတော့ အဲလိုမဟုတ်ဘူး လမင်းဖြစ်ချင်တာကို ဖြစ်စေတယ်လေ
အမှန်တိုင်းပြောရရင်လေ လမင်းက လမင်းမိဘတွေနဲ့ ငယ်ငယ်က မနေခဲ့ရလို့လားတော့မသိဘူး အန်တီလေးနဲ့ အဘိုးတို့လောက် ငယ်ငယ်က သိပ်သံယောဇာဉ်မရှိဘူး လမင်း ၆ တန်းနှစ်မှ လမင်းက မိဘတွေနဲ့နေခဲ့ရတာပါ
လမင်းကို အဘိုးက သိပ်ချစ်တယ် တစ်နေ့ လမင်းဖျားတာပေါ့ ကိုယ်တွေတစ်အားပူနေတယ် ဆေးခန်းသွားဖို့ လမင်းရဲ့ အဘိုးလေ အဲဒီတုန်းက စက်ဘီးဘဲ ရှိတာကို လမင်းကို နောက်ခုံမှာထိုင်ခိုင်းပေမဲ့ အားမှမရှိတာ လမင်းကို လမင်းအဘွားကနောက်ကနေကိုင်ြ့ပီးသွားကျတယ် မြေးဘိုးသုံးယောက်ပေါ့
ဆေးခန်းလည်းရောက်ရော အဘိုးမှာ အလုပ်ရှူပ်နေတာဘဲ လမင်းကိုဆေးထိုးပြီးထိ သူ့မှာမျက်ရည်တွေ ကျနေတယ် ဆရာဝန်ကလည်း စိတ်မပူပါနဲ့လို့ပြောလိုက်တယ်
နောက် အိမ်ပြန်ရောက်တဲ့ထိ သူမြေးကို သူရင်ခွင်ထည်းမှာဘဲ ထားထားတယ်လေ
လမင်းမှာက ဗိုက်အောင့်တတ်တဲ့ရောဂါရှိတယ်လေ ဖျားတာပျောက်ပြီးနောက်ရက်မှာ
လမင်း ဗိုက်တွေအောင့်ပြီး အသည်းသန်ဖြစ်တာပေါ့ အားလုံးက စိတ်ပူနေရတယ်
နောက် လမင်းမိဘတွေဆီ လှမ်းအကြောင်းကြား လမင်းမိဘတွေရော အဘိုးတွေရော ဆွေမျိုးတွေရောပေါ့ အားလုံးစိတ်ပူရတဲ့အခြေနေထိဖြစ်ခဲ့တယ်
လမင်းငယ်ငယ်က ကျန်းမာရေး အရမ်းချူချာတယ်လေ
အကုန်လုံးထဲမှာ ငိုနေတာကတော့ လမင်းချစ်တဲ့ အဘိုးလေ သူမှာ လမင်းကြောင့်စိတ်ဆင်းရဲခဲ့မှာ…. နောက်တစ်ခုက
လမင်းကို လမင်းမိဘတွေကမေးတယ် အဲဒီချိန်မှာ လမင်းက ၅ တန်းနှစ်ရောက်နေပြီလေ မေမေတို့နဲ့နေမှာလား အဘိုးနဲ့နေမှာလားပေါ့ လမင်းကိုမေးတော့ လမင်းစဉ်းစားကြည့်တယ်အဲဒီလိုမေးနေတဲ့အချိန်မှာအဘိုးရဲ့မျက်နှာဟာ လုံးဝကိုမသာယာတော့ပါဘူး လမင်းလေ အဲဒီချိန်တုန်းက ဘယ်လိုများဆုံးဖြတ်ခဲ့မိလည်းမသိဘူး လမင်းကဖေဖေမေမေတို့နဲ့လည်း အတူတူနေဖူးချင်တယ်ပေါ့ ဒါနဲ့ လမင်းကဘယ်လိုမှမဖြေခဲ့ပါဘူး
ဖြစ်ချင်တော့ အဘွားနဲ့ မေမေ စိတ်စိုးသွားတယ်လေ အဲဒါနဲ့ မေမေက လမင်းကိုခေါ်သွားတယ်
လမင်း ထီလာကိုရောက်ခဲ့ရတယ် အဲဒီမှာပျော်လားလို့မေးရင်လေ လမင်းငိုချင်ခဲ့တယ်
မေမေက အဘိုးလိုချော့သိပ်မှာလည်းမဟုတ်ဘူး လမင်းမှာ သိတဲ့လူလည်းတစ်ယောက်မှမရှိခဲ့ဘူး လမင်းဖေဖေကို လမင်းချစ်တယ် ဒါပေမဲ့ လမင်းဖေဖေ အပြင်သွားရင် လမင်းမှာတစ်ယောက်ထည်း ညီမလေးကလည်း သူ့ဘာသာသူနေတာလေ
လမင်း ငိုချင်တာ မသိသေးတဲ့ သူစိမ်းတွေကြားထဲ လမင်းရောက်နေသလိုခံစားရတယ်
လမင်း အဘိုးနဲ့အဘွား အန်တီလေး အန်တီခိုင် သောင်းသောင်း ဘဘ တို့ကို အရမ်းသတိရတယ် နောက်လမင်း သူငယ်ချင်းတွေ မောင်မောင် ဂျူးဂျူး ၀က်ကြီးတို့လည်းမရှိဘူး လမင်းအသုံးမကျခဲ့တာပါ လမင်းကို အဘိုးက ပြန်လာနေဖို့ လမင်း ၇တန်းနှစ်မှာပြောတော့ လမင်းမပြောင်းခဲ့ဘူး လမင်း အဘိုးဆီကိုလည်း လမင်းတစ်နှစ်မှတစ်ခါဘဲရောက်ခဲ့တယ် လမင်းအဘိုးကို မငြဲ့ခဲ့ဘူး
အဘိုးမရှိမှသိလာခဲ့တယ် တစ်ခါက လမင်းမေမေက အဆင့်ကျလို့ လမင်းကို ရိုက်မလို့လုပ်တာ အဲဒီနေ့က အဘိုးရှိခဲ့တယ် လမင်းအဘိုးရင်ခွင်ခဲမှာနေတာပေါ့ ကြောက်လို့လေ အဘိုးက မေမေ့ကိုပြောတယ် နင်ငါသေမှ ငါမြေးကို ရိုက်ချင်ရင်ရိုက်တဲ့ ငါရှိတုန်းမှ လက်ဖျားနဲ့တောင် မရိုက်ပါနဲ့တဲ့ ………….
လမင်း မသိတတ်ခဲ့ဘူး အဘိုးကျန်းမာရေး မကောင်းလို့ လမင်းတစ်ခေါက်ဘဲရောက်ခဲ့တယ် အဲဒီချိန်က လမင်း၈တန်းရောက်နေပြီ နောက်အဘိုးဆုံးခဲ့တဲ့ တာ လမင်းကြောင့်လို့လည်း စိတ်ထဲမှာ မသန့်ဘူး အဘိုးသူစိတ်ဖြောင့်ဖြောင့်မဆုံးနိုင်ခဲ့ဘူး သူဆုံးတဲ့အချိန်ထိ နောက်ဆုံးစကားသံတွေဟာ လမင်းနာမည်တွေကြည့်ပါဘဲ လမင်းကို သူစိတ်မချဘူး သေချာဂရုစိုက်ပါ ငါ့မြေးကို ဆိုတဲ့စကားလုံးတွေ အထပ်ထပ်ရွက်ပြီူးမှ အဘိုးဆုံးခဲ့တာပါ
လမင်း အဘိုးဆုံးတော့မှ လမင်းအသိတဲ့မှာ ၈တန်းအရွယ်ဖြစ်ပေမဲ့ ငါသာအဘိုးနဲ့အတူတူနေခဲ့ရင် မိဘတွေနဲ့လိုက်မနေခဲ့၇င် ငါ့အဘိုးသေချင်မှသေမှာလို့ စဉ်းစားမိတယ် ခုချိန်ထိ အဘွားစီကို သွားလည်တိုင်း အဘိုးအရိပ်အငွေ့တွေကို ခံစားနေရတုန်းပါဘဲ လမင်းရောက်တိုင်း အဘိုးနဲ့အတူအိပ်တဲ့နေရာမှာဘဲ လမင်းအိပ်တတ်တယ် လမင်းလေ ခုချိန်ထိ အဘိုးကို သတိရနေတုန်းပါဘဲ အဘိုးဆုံးတာခုဆို ၄နှစ်ပြည့်သွားပြီ ပျောက်သောသူရှာရင်တွေ့ သေသောသူကြာရင်မေ့တဲ့ ဒါပေမဲ့လမင်းအတွက်ကတော့ဘယ်တော့မမေ့နေမဲ့ လမင်းချစ်တဲ့အဘိုးကိုပါဘဲံ…..
လမင်း အဘိုးလို ချစ်တဲ့အဘိုးများများ ရှိကြပါစေ……………………

ကောင်မလေးတစ်ယောက်ရဲ့ တမ်းတခြင်းလား..............

လမင်းခုပြောပြမဲ့ဇာတ်လမ်းလေးကို အမှန်လားလို့တော့မမေးပါနဲ့..
လမင်းမှာ အရမ်းချစ်ရတဲ့ လူတစ်ယောက်ရှိခဲ့ဘူးတယ်
သူ့ကို လမင်းမေ့လို့မရသေးဘူး ခုချိန်ထိ လမင်းအရမ်းကို ခံစားနေရတယ်..
လမင်းရင်ထဲကိုမှာ သူ့ကို ဘယ်လောက်ချစ်တယ် လမင်းအသိဆုံးပါ…..
ဒါပေမဲ့ လက်တွေ့မှာ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ…
မဖြစ်နိုင်ဒါကို သိရဲ့နဲ့ စွဲလမ်းနေတတ်တဲ့ လမင်းရဲ့ စိတ်ကိုလည်းနာကြည်းမိပါတယ်..
အချစ်ကို လမင်းမချစ်ရဲလောက်အောင်ကို ကြောက်ရွံနေပါတယ်……..
လမင်းက ပျော်ပျော်နေတတ်တဲ့ မိန်းကလေးပါ….
အားလုံးကလည်း ခင်မင်မှုရှိတယ် ………………
ဒါပေမဲ့ လမင်းလေ သူကိုတွေ့ပြီးတဲ့နောက်ပိုင်းမှာ လမင်းမှာ ပျော်ရွင်မှုဆိုတာမရှိသလောက်ဘဲ လမင်းရဲ့စိတ်မှာ ဘယ်လိုမှမခံစားနိုင်ဘူး
လမင်းကို ချစ်တဲ့သူကိုလည်း လမင်းချစ်လို့မရဘူး နောက်လမင်းအချစ်ကိုကြောက်ရွံတယ် လမင်း ကိုခဲမှန်ဘူးတဲ့စာသူငယ်လေးလို့ပြောကြပါတယ် သူတို့ရဲ့အပြောကိုကြိတ်ခံလိုက်ပါတယ် လမင်းက ခဲမှန်ဘူးတဲ့စာသူငယ်လေးဆိုတော့နောက်ထပ်ခဲမှန်တာကိုကြောက်တာ အပြစ်မဟုတ်ပါဘူးနော် လမင်း သူကိုမေ့လို့ရအောင်ကြိုးစားနေပါတယ်
သူနဲ့နောက်တစ်ယောက်နဲ့တွဲနေတာကို သိရဲ့နဲ့ လမင်းပြုံးပြမိအောင်ကြိုးစားရတာ
အကြိမ်ကြိမ်ပါဘဲ ဖွင့်မပြောရက်ပါဘူး သူနောက်တစ်ယောက်နဲ့တွဲနေပေမဲ့
နားလည်ပါတယ် သူမချစ်လို့ဘဲ လမင်းကိုထားခဲ့ပြီလေ သူနောက်တစ်ယောက်နဲ့တွဲနေချိန်မှာလေ သူကိုပြုံးပြတယ်ဆိုတာလေ အင်အားမရှိပေမဲ့
ြ့ပုံးပြခဲ့ပါတယ် နောက်ကောင်လေးတစ်ယောက်က လမင်းကိုပြောတယ
် “တစ်ကြိမ်ပြိုလဲဘူးတဲ့ကောင်းကင်အတွက်
နောက်ထပ်ပြိုကျမယ်ဆိုပြီး
ကောင်းကင်အောက်မှာ
သံသဃနဲ့မော့မကြည့်ပါနဲ့ ချစ်သူ….
အခု မိုးမပြိုတော့ဘူး
အေးမြတဲ့မိုးရေစက်တွေ မင်းအတွက်ကျလာမယ်တဲ့ “
စဉ်းစားကြည့်ပေးပါ လမင်းလေ အဲဒီကဗျာကို အရမ်းကိုကြိုက်တယ် သူကလမင်းကို
မင်းသံသဃနဲ့မကြည့်ပါနဲ့တဲ့လေ အဲဒီလောက် ချစ်တတ်တဲ့ကောင်လေးကိုလည်း
စာနာပေးတတ်တယ် ကဗျာလေးတစ်ပုဒ်နဲ့ လမင်းကျေနပ်တယ်လို့မထင်ပါနဲ့
လမင်းကို အစစအရာရာ ဦးစားပေးပြီး နားလည်တတ်တဲ့ကောင်လေး လမင်းဘေးနားမှာ
ရှိနေရဲံသားနဲ့ ဘာလို့များ လမင်းရဲ့နှလုံးသားက သူကိုမှမမေ့နိုင်ဘဲ ၇ှိနေရတာလည်း
တကယ်ဆို လမင်းက မှားမှန်းသိရဲ့နဲ့ ရှုးသွပ်နေတဲ့လူလား…..
ဒါမှမဟုတ်လမင်းကဘဲ အချစ်ကို ကိုးကွယ်နေတာလား …..
အမှန်တိုင်းဝန်ခံရရင်လေ လမင်းဒီစာကိုရေးနေတဲ့ အချိန်မှာ မျက်ရည်ကျနေမိတယ်……
လမင်း မှားနေလားဟင်….

သတိရခြင်း များစွာ.....

မှတ်မှတ်ရရ အဲဒီတုန်းက လမင်း ၄ တန်းနှစ်ကပါ လမင်းတို့ငယ်ငယ်တုန်းက ဘာကိုခေတ်စားနေလည်းဆို ဘော်လုံးကန်တာ အတန်းလိုက်ပေါ့နော်…
ခေတ်စားတာကလည်း ဘယ်လိုလည်းဆိုတော့ ယောကျာင်္းလေးတွေ ဘော်လုံးကန်တာ တစ်တန်းနဲ့တစ်တန်းမကြည်ကြတော့ဘူး အဲလိုဘဲ မိန်းကလေးတွေကလည်းမတဲ့ချင်ကြတော့ဘူးလေ ကောင်လေးတွေမြှောက်ပေးတာပေါ့
ဒါနဲ့ အတန်းလိုက် ကန်ကျတာပေါ့… မိန်းကလေးတွေလည်း..
လမင်းမှာ အခင်ဆုံး သူငယ်ချင်း ၇ယောက်ရှိတယ်…
တစ်ယောက်ချင်းဆီပြောပြမယ်နော် … ပထမတစ်ယောက်က မိန်းကလေးဘဲ ဂျူးဂျူးလို့ခေါ်တယ် နောက်တစ်ယောက်က လမင်းရဲ့ အကိုဝမ်းကွဲံ မောင်မောင်
နောက်တစ်ယောက်က နိုင်နိုင်(ခေါ်) ၀က်ကြီး နောက်တစ်ယောက်က ဂျူးဂျူးအကို ကိုထက် နောက်တစ်ယောက်က တရုတ်ကြီး တကယ်တော့ နာမည်မဟုတ်ပါဘူး အသားဖြူလို့ပေးထားတာ နောက်တစ်ယောက်က အပုလေး ဟဲဒါလည်း အရပ်ပုလို့ပေးထားတဲ့ နာမည်ပြောင်ပေါ့နော် နောက်သူငယ်ချင်းတစ်ယောက်က ပုံပုံ တဲံ့ အားလုံးပေါင်း ၇ယောက်ရှိတယ် ဒါပေမဲ့ ၆ယောက်ဘဲ လူညီပါတယ် ပုံပုံက တစ်ခြားလူတွေနဲ့ သိပ်မပါင်းဘူး
လမင်းတို့ ၆ယောက်က ပုံစံတူတယ် ဘာလုပ်လုပ်အတူုတူဘဲလေ ..
ဒီလိုနဲ့ လမင်းတို့ ၆ ယေက်က (B) တန်းလေ ပုံပုံကတော့ (A) တန်း……
လမင်းတို့လည်း မိန်းကလေးတွေ ဘော်လုံးပြိုင်ကန်မယ်ပေါ့ ဒါနဲ့ ကျောင်းဆင်းပြီးတာနဲ့ ၆ယောက်သား ကျူရှင်လိမ့်ကျတာပေါ့ ဟိုရောက်ရောက်ချင်း မောင်မောင်နဲ့ ၀တ်ကြီးတို့က သင်ပေးတာပေါ့ နောက်နေ့ကန်ပါလေရော (B) နဲ့ (C) တန်း အရင်ကန်တာပေါ့
လမင်းတို့ နိုင်တယ် ဒါနဲ့ (B) နဲ့ (D) ထပ်ကန်တယ် (B) နဲ့ (A) စပြီဇာတ်လမ်းက (A) မှာရှိတဲ့ သူငယ်ချင်းက ပုံ့ပုံ့လေ ပုံပုံက လမင်းကို မကန်ရဘူးတဲ့လေ အင်းဒါနဲ့ လမင်းမကန်ဘူးပေါ့
သူငယ်ချင်း ၅ယောက်ကတော့ စိတ်ဆိုးတာပေါ့ ပုံ့ပုံ့ကန်ခိုင်းတာနဲ့ ဘာလို့မကန်တာလည်းပေါ့စိတ်ဆိုးးကြတယ် လမင်းကို ဒါပေမဲ့စဉ်းစားကြည့်လေ လမင်းကလည်းသူငယ်ချင်းအချင်းချင်းမကန်ချင်ဘူး
ဒါကြောင့် မကန်တာပါ နောက် သူတို့ကလည်းညစ်ကျတာပေါ့ ဒီလိုနဲ့နောက်တစ်ပွဲဆက်ပြိုင်ရတယ်လေ နောက်ပွဲမှာသူငယ်ချင်းမပါတော့လမင်းလည်းပြိုင်ခဲ့တာပေါ့ အဲဒီမှာဆရာမတွေသိကုန်တယ်အကုန်လုံးအကြောင်းကို ဒုတိယပိုင်း လမင်းတို့ဘက်က ဂိုးသွင်းခါနီးမှာဆရာမရောက်တယ်နေပူတယ်အကုန်လုံးအတန်းထဲကိုဝင်တဲ့ အင်းရလိုက်တာကတော့ နောက်နေ့မှာ လမင်းနေမကောင်းဖြစ်တော့တာဘဲဘာဖြစ်ဖြစ်ပျော်ခဲ့တယ်လေ နောက်ပြိုင်ဆိုင်မှုတွေကပိုပြင်းထန်လာကြတယ် ဘယ်နေရာရာဖြစ်ဖြစ်ပေါ့
စာဆိုလည်းပြိုင်ဆိုင်လာကြတယ် နောက်ပိုင်းခင်မင်မှူပိုတိုးခဲ့တယ် ခုချိန်ထိ ဘယ်သူမှနာမည်အမှန်မခေါ်ဘူး ဖိုးသားလို့ခေါ်တယ် မောင်မောင်ကိုလည်း
နိုင်နိုင်ကိုလည်း ၀က်ကြီးလို့ဘဲခေါ်ဖြစ်ခဲ့တယ် အဲလိုအမျိုးမျိုးပေါ့ နာမည်ပြောင်တွေ
တွေ့တဲ့နေရာမှာ သူငယ်ချင်းတွေ ဟေး ၀က်ကြီး နင်နေကောင်းလား ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့ နှူတ်ဆက်ကြတာ ဘယ်သူမှစိတ်မစိုးကြဘူး သူတို့ကလည်းအဲလိုဘဲလမင်းကိုတွေ့ရင် အထူးသဖြင့် နိုင်နိုင်လေ ၀က်မလို့ခေါ်တာ လမင်းကို တွေ့တဲ့နေရာ ဘာဖြစ်ဖြစ် 528 ဆိုတဲ့ မေတ္တာဆိုတာ အေးချမ်းလွန်းပါတယ်..
ဖြစ်နိုင်ရင် အရင်လိုဘဲ သူငယ်ချင်းတွေ စုစုစည်းစည်းအချိန်လေးကိုပြန်ရချင်ပါသေးတယ်..

Friday, January 22, 2010

လမင်းချစ်တဲ့ အန်တီလေးသို့.. အမှတ်တရ

လူတိုင်းဆီမှာ အမှတ်တရာတွေ ၇ှိမယ်လို့ထင်ပါတယ်….
အဲလိုဘဲ လမင်းဆီမှာလည်း အမှတ်တရ တစ်ခုရှိခဲ့ပါတယ်……
လမင်းက ငယ်ငယ်တုန်းက မိဘတွေနဲ့ အတူမနေရဘူုးလေ အဘိုးအဘွားတွေနဲ့နေရတယ်..
လမင်း မေမေက သူနာပြုဆရာမလေ ဒါကြောင့် လမင်းက မေမေတိုနဲ့ အတူတူမနေရဘဲ
အဘိုးဘွားတွေနဲ့နေရတာပေါ့..
လမင်းက ကျောက်ပန်းတောင်းမှာကြီးပြင်းခဲ့တာပါ.. လမင်းကျောင်းတတ်ကျောင်းတတ်တဲ့ အရွယ်ထိ အန်တီလေးနဲ့ ကြိးပြင်းခဲ့တာပါ အဘိုးဘွားရောပေါ့ … လမင်းရဲ့ ကျေးဇူးရှင် အန်တီလေးဆိုလည်း မမှားပါဘူး…. ဒီလိုနဲ့ လမင်း ကျောင်းတတ်ရင် အန်တီလေးက ထိုင်စောင့်နေတတ်တယ် ကျောင်းဆင်းထိ လမင်း မထင်းစားချိန်ဆို အန်တီလေး ထမင်းလာခွံတတ်တယ်လေ ….. လမင်းက မြို့မ ကျောင်းမှာ တတ်တာပါ ခုချိန်ထိ လမင်း သူငယ်ချင်းတွေကို ဝေးနေပေမဲ့ သတိရနေပါတယ်..
လမင်း ၂ တန်းအ၇ွယ်မှာ ကျောင်းမှာပေါ့ ဆရာမက အားလုံးအိပ်ရမယ်လို့ပြောတယ်လေ
ဒါနဲ့ လမင်းလည်း အိပ်ပျော်သွားတာပေါ့.. ကျောင်းဆင်းခေါင်းလောင်းထိုးတဲ့ အချိန်မှာ လမင်းက ကျူရှင် တတ်၇မယ်ဆိုပြီး ဆရာမနောက်လိုက်သွားတာပေါ့ … လမင်း အန်တီလေးနဲ့မတွေ့ဘူးလေ လမင်းလည်း ရှာတာပေါ့ မတွေ့တော့ ဆရာမနောက် လိုက်သွားတယ်…. တကယ်တော့ အဲံဒီနေ့က မိုးက အုံ့နေတယ်လေ အန်တီလေး ထမင်းစားလာခွံတော့ လမင်းက မ၇ှိတော့ဘူး လမင်းကိုပျောက်လို့ လမင်း အန်တီလေးရော
ဟိုဘက်အိမ်က အန်တီတွေရော ပျာယာခတ်ကုန်တာပေါ့ …
လမင်းကလည်းကလည်း ဆရာမနဲ့ လိုက်သွားတယ်လေ ဆရာမ သမီး အိမ်မပြန်ဘူးလားလို့မေးတော့ သမီးကျူရှင်လာတတ်တာလို့ပြောတာပေါ့..
ဆရာမပြူုံးသွားတယ် သမီးလေး ဒါက ထမင်းစားချိန်တဲ့လေ ဆရာမက လမင်းကို ထမင်းခွံကြွေးတာပေါ့ နောက် ဆရာမနဲ့မှ အတူတူကျောင်းကိုပြန်မယ်တဲ့
ဒါနဲ့ လမင်းလည်း ဆရာမ အိမ်ရှေ့လေးမှာထိုင်နေတာပေါ့..
အဲဒီချိန်မှာ လမင်း အန်တီလေး ရောက်လာတယ်..
လမင်းကိုတွေ့တော့သူမှာ မျက်ရည်ဝေ ၀ိုင်းနေတယ်..
အန်တီလေးနဲ့က ငယ်ငယ်လေးကတည်းကနေလာတာလေ သူ့သမီးလိုဖြစ်နေတာပေါ့..
အန်တီလေးကလည်း ဆရာမကိုကျေးဇူးတင်ကြောင်းပြောတယ်..
နောက်လမင်းနဲ့ အိမ်ကိုပြန်ခဲ့တယ်………..
အဲဒီချိန်မှာ လမင်းရဲ့ရင်ထဲမှာလည်း အန်တီလေးကိုတွေ့လိုက်တဲ့ စိတ်ဟာလေ ဘာနဲ့မှကို နှိုင်းမရဘူးး ပျော်လိုက်တာ………………..
အဲဒီချိန်လေးကို ပြန်တမ်းတမိပါတယ် အန်တီလေးရယ်……………………..
ချစ်တဲ့သမီးလေး…………………………..