Sunday, January 24, 2010

ကောင်မလေးတစ်ယောက်ရဲ့ တမ်းတခြင်းလား..............

လမင်းခုပြောပြမဲ့ဇာတ်လမ်းလေးကို အမှန်လားလို့တော့မမေးပါနဲ့..
လမင်းမှာ အရမ်းချစ်ရတဲ့ လူတစ်ယောက်ရှိခဲ့ဘူးတယ်
သူ့ကို လမင်းမေ့လို့မရသေးဘူး ခုချိန်ထိ လမင်းအရမ်းကို ခံစားနေရတယ်..
လမင်းရင်ထဲကိုမှာ သူ့ကို ဘယ်လောက်ချစ်တယ် လမင်းအသိဆုံးပါ…..
ဒါပေမဲ့ လက်တွေ့မှာ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ…
မဖြစ်နိုင်ဒါကို သိရဲ့နဲ့ စွဲလမ်းနေတတ်တဲ့ လမင်းရဲ့ စိတ်ကိုလည်းနာကြည်းမိပါတယ်..
အချစ်ကို လမင်းမချစ်ရဲလောက်အောင်ကို ကြောက်ရွံနေပါတယ်……..
လမင်းက ပျော်ပျော်နေတတ်တဲ့ မိန်းကလေးပါ….
အားလုံးကလည်း ခင်မင်မှုရှိတယ် ………………
ဒါပေမဲ့ လမင်းလေ သူကိုတွေ့ပြီးတဲ့နောက်ပိုင်းမှာ လမင်းမှာ ပျော်ရွင်မှုဆိုတာမရှိသလောက်ဘဲ လမင်းရဲ့စိတ်မှာ ဘယ်လိုမှမခံစားနိုင်ဘူး
လမင်းကို ချစ်တဲ့သူကိုလည်း လမင်းချစ်လို့မရဘူး နောက်လမင်းအချစ်ကိုကြောက်ရွံတယ် လမင်း ကိုခဲမှန်ဘူးတဲ့စာသူငယ်လေးလို့ပြောကြပါတယ် သူတို့ရဲ့အပြောကိုကြိတ်ခံလိုက်ပါတယ် လမင်းက ခဲမှန်ဘူးတဲ့စာသူငယ်လေးဆိုတော့နောက်ထပ်ခဲမှန်တာကိုကြောက်တာ အပြစ်မဟုတ်ပါဘူးနော် လမင်း သူကိုမေ့လို့ရအောင်ကြိုးစားနေပါတယ်
သူနဲ့နောက်တစ်ယောက်နဲ့တွဲနေတာကို သိရဲ့နဲ့ လမင်းပြုံးပြမိအောင်ကြိုးစားရတာ
အကြိမ်ကြိမ်ပါဘဲ ဖွင့်မပြောရက်ပါဘူး သူနောက်တစ်ယောက်နဲ့တွဲနေပေမဲ့
နားလည်ပါတယ် သူမချစ်လို့ဘဲ လမင်းကိုထားခဲ့ပြီလေ သူနောက်တစ်ယောက်နဲ့တွဲနေချိန်မှာလေ သူကိုပြုံးပြတယ်ဆိုတာလေ အင်အားမရှိပေမဲ့
ြ့ပုံးပြခဲ့ပါတယ် နောက်ကောင်လေးတစ်ယောက်က လမင်းကိုပြောတယ
် “တစ်ကြိမ်ပြိုလဲဘူးတဲ့ကောင်းကင်အတွက်
နောက်ထပ်ပြိုကျမယ်ဆိုပြီး
ကောင်းကင်အောက်မှာ
သံသဃနဲ့မော့မကြည့်ပါနဲ့ ချစ်သူ….
အခု မိုးမပြိုတော့ဘူး
အေးမြတဲ့မိုးရေစက်တွေ မင်းအတွက်ကျလာမယ်တဲ့ “
စဉ်းစားကြည့်ပေးပါ လမင်းလေ အဲဒီကဗျာကို အရမ်းကိုကြိုက်တယ် သူကလမင်းကို
မင်းသံသဃနဲ့မကြည့်ပါနဲ့တဲ့လေ အဲဒီလောက် ချစ်တတ်တဲ့ကောင်လေးကိုလည်း
စာနာပေးတတ်တယ် ကဗျာလေးတစ်ပုဒ်နဲ့ လမင်းကျေနပ်တယ်လို့မထင်ပါနဲ့
လမင်းကို အစစအရာရာ ဦးစားပေးပြီး နားလည်တတ်တဲ့ကောင်လေး လမင်းဘေးနားမှာ
ရှိနေရဲံသားနဲ့ ဘာလို့များ လမင်းရဲ့နှလုံးသားက သူကိုမှမမေ့နိုင်ဘဲ ၇ှိနေရတာလည်း
တကယ်ဆို လမင်းက မှားမှန်းသိရဲ့နဲ့ ရှုးသွပ်နေတဲ့လူလား…..
ဒါမှမဟုတ်လမင်းကဘဲ အချစ်ကို ကိုးကွယ်နေတာလား …..
အမှန်တိုင်းဝန်ခံရရင်လေ လမင်းဒီစာကိုရေးနေတဲ့ အချိန်မှာ မျက်ရည်ကျနေမိတယ်……
လမင်း မှားနေလားဟင်….

No comments:

Post a Comment