Monday, January 25, 2010

မေ့မရတဲ့ သူငယ်ချင်းများ……

အမှတ်တရဘဲ လမင်းတို့အုပ်စုက ၆ တန်းကလည်းကမှ ၀ိုင်းသင်တာ ၁၀ယောက်ရှိတယ်
သိတယ်မလား ပြောမနာဆိုမနာတွေပေါ့ …… ယောကျာင်္းလေးက ၄ ယောက် မိန်းကလေးက၆ယောက်လေ …… ဒီလိုနဲ့လမင်းတို့ ၈တန်းနှစ်မှာပေါ့..
ဟိုကောင်တွေ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး ဆရာမကိုတိုင်တာပေါ့
သူတို့ကလည်း ပြန်တိုင်ဖို့ ဂွင်ချောင်းနေတယ် သူ့တို့ကောင်လေးတွေကြည့်အဆော်ခံထားရတာလေ..
တစ်နေတော့ ကျောင်းပိတ်ရက်ပေါ့ မိန်းကလေးတွေကြည့်ဘဲ နာရီကလည်းကျော်နေပြီ
ဆရာမလည်းမလာဘူး ဟိုကောင်တွေလည်းမလာဘူး ဒါနဲ့လစ်ရအောင်
စာမကျက်ချင်ဘူးပေါ့ တကယ်တော့ ဆရာမလာမယ်ဆိုတာကိုသိတယ် ဟိုကောင်တွေလည်းမရှိ ကောင်မလေးတွေလည်း မ၇ှိဘူးဆိုဆရာမပြန်မှာပေါ့လေ
အဲလိုအကြံက ဒါနဲ့ ၆ယောက်သား လစ်တာပေါ့ လစ်တာကလည်းဝေးဝေးလံလံဘဲ
တစ်အိမ်ကျော် အဆောင်ကိုလစ်တာလေ ကြည့်တော့ကြည့်နေတာဘဲ ဆရာမမလာဘူးပေါ့သူ့ဟာနဲ့သူတော့ဟုတ်နေတာဘဲ …
အင်း ဖြစ်ချင်တော့ ဆရာမလာတယ်တဲ့ သူငယ်ချင်းအိမ်ကပြောတယ်
သေပြီဆရာဘဲ အိမ်ကလမင်းကိုလာကြိုတယ်တဲ့…
အင်း ဒါနဲ့ပြီးပြီဘာမှဟုတ်ဘူးပေါ့ ခပ်တည်တည်ဘဲ
အိမ်ကလာကြိုတာကိုစောင့်နေတယ် အိမ်ကလာကြိုတော့လိုက်သွားတယ်..
ပြောရရင်လေ အဲဒီနေ့က အိမ်မှာမေမေနဲ့ဖေဖေ မရှိဘူး အကိုတွေနဲ့ကျန်ခဲ့တာ
အငေါက်မခံရဘူးပေါ့ အကိုတွေကလည်း ညီမလေး ဘယ်သွားတာတုန်း ဒီလေက်ဘဲမေးတယ်လျှောက်သွားတာမဟုတ်တော့အေးဆေးပေါ့..
နောက်နေ့ကျောင်းဖွင့်တော့ ထမင်းစားချိန် ရောက်တော့ ဆရာမကခေါ်ခိုင်းလိုက်တယ်တဲ့
ဟဲဒါကို သဘောမပေါက်သေးဘူး ပျော်ပျော်ဘဲ သွားကြက အလွန်ဆုံးဆူရုံဘဲပေါ့..
ဆရာမက မြင်မြင်ခြင်း လာဆိုပြီး တစ်ယောက်၃ ချက်စီ ရိုက်တာပေါ့
လမင်းက ၄ ချက် ဘာလို့လည်းဆိုလည်း အိမ်ကလာကြိုတာ ကျူရှင်မှာမရှိလို့တဲ့…
အင်းကျောင်းသူကျောင်းသား အငယ်တွေရှေ့မလို့တော်သေးတာပေါ့…
ဂတိပေးပြီး သွားကျတာပေါ့ ကျောင်းတတ်တော့မှာလေ..
လမင်းကိုက ကံစိုးချင်တာပါ လမင်း ၈တန်းနှစ်ကတည်းကမှ ဆိုင်ကယ်ကျောင်းတတ်လည်းကိုယ့်ဘာသာ စီးတာ ကျူရှင်ရော..
အဲဒီနေ့ကျမှ အိမ်က အကိုတွေလိုက်ပို့ခိုင်းလိုက်တာ အဲလို အရိုက်ခံဖို့ကံကပါလာတယ်ထင်တယ် ကျူရှင်လစ်ပြီးဘာလုပ်လည်းဆိုရင်
မှတ်မှတ်ရရ “ကျွန်တော်နာမည်သုည” တဲ့ နေမျိုးအောင်ကားထိုင်ကြည့်နေကျတာလေ .. သတိရလိုက်တယ် “ကျွန်တော်ကတော့ ၄ချက်လို့” ဟဲ အရိုက်ခံရတာ ၄ ချက်မလို့လေ..
တကယ်တော့ ဟိုကောင်တွေချွန်လိုက်လို့ အရိုက်ခံလိုက်ရတာ …
အဲလိုတစ်ယောက်နဲ့တစ်ယောက်ချစ်ကျတာလေ ………………..
ခုလမင်း သူငယ်ချင်းထဲမှာ တစ်ယောက်တော့ဆုံးသွားပါပြီ ..
အရင်လို သူငယ်ချင်း ၁၀ယောက် ဘယ်လိုမှပြန်မဆုံနိုင်တော့ပါဘူး…
တစ်နေရာဆီယောက်နေသလို တစ်မြို့တည်းရှိပေမဲ့ လူစုံဖို့မလွယ်ကူတော့ပါဘူး……………….

No comments:

Post a Comment