Sunday, January 24, 2010

အမြဲတမ်း အမှတ်ရနေမဲ့ အဘိုးသို့ …………..

လောကကြီးမှာ အချစ်မေတ္တာ အမျိုးမျိုးရှိပါတယ်…………..အဲင်္ဒီ အချစ်မေတ္တာတွေထဲမှာ ၅၂၈ ဆိုတဲ့ မေတ္တာကတော့ အေးချမ်းဆုံးပါဘဲ………. လမင်းကို ခုချိန်ထိ ဘယ်သူမေးမေးဖြေနေကျကတော့ ဘယ်သူ့ကို့ အချစ်ဆုံးလည်းဆိုရင် လမင်းအဘိုးကို လမင်းအချစ်ဆုံးပါ …….. လမင်း ကအဘိုးလက်ထဲမှာကြီးပြင်းလာခဲ့တဲ့သူဆိုတော့
အဘိုးနဲ့ မြေးသံယောဇာဉ်ကိုတွက်ကြည့်လိုက်လေ အဘိုးက မြေးတွေထဲမှာ လမင်းနဲ့ လမင်းအကို ဖိုးချမ်းကို အချစ်ဆုံးပါ လမင်းငယ်ငယ်လေးကတည်းကမှ အဘိုးနဲ့နေခဲ့ရတယ် မိဘတွေဆီကို လမင်းကျောင်းပိတ်မှ သွားရတာပါ အန်တီလေးက စည်းကမ်းတင်းကျပ်တယ်
ဒါပေမဲ့ လမင်းအဘိုးကတော့ အဲလိုမဟုတ်ဘူး လမင်းဖြစ်ချင်တာကို ဖြစ်စေတယ်လေ
အမှန်တိုင်းပြောရရင်လေ လမင်းက လမင်းမိဘတွေနဲ့ ငယ်ငယ်က မနေခဲ့ရလို့လားတော့မသိဘူး အန်တီလေးနဲ့ အဘိုးတို့လောက် ငယ်ငယ်က သိပ်သံယောဇာဉ်မရှိဘူး လမင်း ၆ တန်းနှစ်မှ လမင်းက မိဘတွေနဲ့နေခဲ့ရတာပါ
လမင်းကို အဘိုးက သိပ်ချစ်တယ် တစ်နေ့ လမင်းဖျားတာပေါ့ ကိုယ်တွေတစ်အားပူနေတယ် ဆေးခန်းသွားဖို့ လမင်းရဲ့ အဘိုးလေ အဲဒီတုန်းက စက်ဘီးဘဲ ရှိတာကို လမင်းကို နောက်ခုံမှာထိုင်ခိုင်းပေမဲ့ အားမှမရှိတာ လမင်းကို လမင်းအဘွားကနောက်ကနေကိုင်ြ့ပီးသွားကျတယ် မြေးဘိုးသုံးယောက်ပေါ့
ဆေးခန်းလည်းရောက်ရော အဘိုးမှာ အလုပ်ရှူပ်နေတာဘဲ လမင်းကိုဆေးထိုးပြီးထိ သူ့မှာမျက်ရည်တွေ ကျနေတယ် ဆရာဝန်ကလည်း စိတ်မပူပါနဲ့လို့ပြောလိုက်တယ်
နောက် အိမ်ပြန်ရောက်တဲ့ထိ သူမြေးကို သူရင်ခွင်ထည်းမှာဘဲ ထားထားတယ်လေ
လမင်းမှာက ဗိုက်အောင့်တတ်တဲ့ရောဂါရှိတယ်လေ ဖျားတာပျောက်ပြီးနောက်ရက်မှာ
လမင်း ဗိုက်တွေအောင့်ပြီး အသည်းသန်ဖြစ်တာပေါ့ အားလုံးက စိတ်ပူနေရတယ်
နောက် လမင်းမိဘတွေဆီ လှမ်းအကြောင်းကြား လမင်းမိဘတွေရော အဘိုးတွေရော ဆွေမျိုးတွေရောပေါ့ အားလုံးစိတ်ပူရတဲ့အခြေနေထိဖြစ်ခဲ့တယ်
လမင်းငယ်ငယ်က ကျန်းမာရေး အရမ်းချူချာတယ်လေ
အကုန်လုံးထဲမှာ ငိုနေတာကတော့ လမင်းချစ်တဲ့ အဘိုးလေ သူမှာ လမင်းကြောင့်စိတ်ဆင်းရဲခဲ့မှာ…. နောက်တစ်ခုက
လမင်းကို လမင်းမိဘတွေကမေးတယ် အဲဒီချိန်မှာ လမင်းက ၅ တန်းနှစ်ရောက်နေပြီလေ မေမေတို့နဲ့နေမှာလား အဘိုးနဲ့နေမှာလားပေါ့ လမင်းကိုမေးတော့ လမင်းစဉ်းစားကြည့်တယ်အဲဒီလိုမေးနေတဲ့အချိန်မှာအဘိုးရဲ့မျက်နှာဟာ လုံးဝကိုမသာယာတော့ပါဘူး လမင်းလေ အဲဒီချိန်တုန်းက ဘယ်လိုများဆုံးဖြတ်ခဲ့မိလည်းမသိဘူး လမင်းကဖေဖေမေမေတို့နဲ့လည်း အတူတူနေဖူးချင်တယ်ပေါ့ ဒါနဲ့ လမင်းကဘယ်လိုမှမဖြေခဲ့ပါဘူး
ဖြစ်ချင်တော့ အဘွားနဲ့ မေမေ စိတ်စိုးသွားတယ်လေ အဲဒါနဲ့ မေမေက လမင်းကိုခေါ်သွားတယ်
လမင်း ထီလာကိုရောက်ခဲ့ရတယ် အဲဒီမှာပျော်လားလို့မေးရင်လေ လမင်းငိုချင်ခဲ့တယ်
မေမေက အဘိုးလိုချော့သိပ်မှာလည်းမဟုတ်ဘူး လမင်းမှာ သိတဲ့လူလည်းတစ်ယောက်မှမရှိခဲ့ဘူး လမင်းဖေဖေကို လမင်းချစ်တယ် ဒါပေမဲ့ လမင်းဖေဖေ အပြင်သွားရင် လမင်းမှာတစ်ယောက်ထည်း ညီမလေးကလည်း သူ့ဘာသာသူနေတာလေ
လမင်း ငိုချင်တာ မသိသေးတဲ့ သူစိမ်းတွေကြားထဲ လမင်းရောက်နေသလိုခံစားရတယ်
လမင်း အဘိုးနဲ့အဘွား အန်တီလေး အန်တီခိုင် သောင်းသောင်း ဘဘ တို့ကို အရမ်းသတိရတယ် နောက်လမင်း သူငယ်ချင်းတွေ မောင်မောင် ဂျူးဂျူး ၀က်ကြီးတို့လည်းမရှိဘူး လမင်းအသုံးမကျခဲ့တာပါ လမင်းကို အဘိုးက ပြန်လာနေဖို့ လမင်း ၇တန်းနှစ်မှာပြောတော့ လမင်းမပြောင်းခဲ့ဘူး လမင်း အဘိုးဆီကိုလည်း လမင်းတစ်နှစ်မှတစ်ခါဘဲရောက်ခဲ့တယ် လမင်းအဘိုးကို မငြဲ့ခဲ့ဘူး
အဘိုးမရှိမှသိလာခဲ့တယ် တစ်ခါက လမင်းမေမေက အဆင့်ကျလို့ လမင်းကို ရိုက်မလို့လုပ်တာ အဲဒီနေ့က အဘိုးရှိခဲ့တယ် လမင်းအဘိုးရင်ခွင်ခဲမှာနေတာပေါ့ ကြောက်လို့လေ အဘိုးက မေမေ့ကိုပြောတယ် နင်ငါသေမှ ငါမြေးကို ရိုက်ချင်ရင်ရိုက်တဲ့ ငါရှိတုန်းမှ လက်ဖျားနဲ့တောင် မရိုက်ပါနဲ့တဲ့ ………….
လမင်း မသိတတ်ခဲ့ဘူး အဘိုးကျန်းမာရေး မကောင်းလို့ လမင်းတစ်ခေါက်ဘဲရောက်ခဲ့တယ် အဲဒီချိန်က လမင်း၈တန်းရောက်နေပြီ နောက်အဘိုးဆုံးခဲ့တဲ့ တာ လမင်းကြောင့်လို့လည်း စိတ်ထဲမှာ မသန့်ဘူး အဘိုးသူစိတ်ဖြောင့်ဖြောင့်မဆုံးနိုင်ခဲ့ဘူး သူဆုံးတဲ့အချိန်ထိ နောက်ဆုံးစကားသံတွေဟာ လမင်းနာမည်တွေကြည့်ပါဘဲ လမင်းကို သူစိတ်မချဘူး သေချာဂရုစိုက်ပါ ငါ့မြေးကို ဆိုတဲ့စကားလုံးတွေ အထပ်ထပ်ရွက်ပြီူးမှ အဘိုးဆုံးခဲ့တာပါ
လမင်း အဘိုးဆုံးတော့မှ လမင်းအသိတဲ့မှာ ၈တန်းအရွယ်ဖြစ်ပေမဲ့ ငါသာအဘိုးနဲ့အတူတူနေခဲ့ရင် မိဘတွေနဲ့လိုက်မနေခဲ့၇င် ငါ့အဘိုးသေချင်မှသေမှာလို့ စဉ်းစားမိတယ် ခုချိန်ထိ အဘွားစီကို သွားလည်တိုင်း အဘိုးအရိပ်အငွေ့တွေကို ခံစားနေရတုန်းပါဘဲ လမင်းရောက်တိုင်း အဘိုးနဲ့အတူအိပ်တဲ့နေရာမှာဘဲ လမင်းအိပ်တတ်တယ် လမင်းလေ ခုချိန်ထိ အဘိုးကို သတိရနေတုန်းပါဘဲ အဘိုးဆုံးတာခုဆို ၄နှစ်ပြည့်သွားပြီ ပျောက်သောသူရှာရင်တွေ့ သေသောသူကြာရင်မေ့တဲ့ ဒါပေမဲ့လမင်းအတွက်ကတော့ဘယ်တော့မမေ့နေမဲ့ လမင်းချစ်တဲ့အဘိုးကိုပါဘဲံ…..
လမင်း အဘိုးလို ချစ်တဲ့အဘိုးများများ ရှိကြပါစေ……………………

No comments:

Post a Comment