လူတိုင်းဆီမှာ အမှတ်တရာတွေ ၇ှိမယ်လို့ထင်ပါတယ်….
အဲလိုဘဲ လမင်းဆီမှာလည်း အမှတ်တရ တစ်ခုရှိခဲ့ပါတယ်……
လမင်းက ငယ်ငယ်တုန်းက မိဘတွေနဲ့ အတူမနေရဘူုးလေ အဘိုးအဘွားတွေနဲ့နေရတယ်..
လမင်း မေမေက သူနာပြုဆရာမလေ ဒါကြောင့် လမင်းက မေမေတိုနဲ့ အတူတူမနေရဘဲ
အဘိုးဘွားတွေနဲ့နေရတာပေါ့..
လမင်းက ကျောက်ပန်းတောင်းမှာကြီးပြင်းခဲ့တာပါ.. လမင်းကျောင်းတတ်ကျောင်းတတ်တဲ့ အရွယ်ထိ အန်တီလေးနဲ့ ကြိးပြင်းခဲ့တာပါ အဘိုးဘွားရောပေါ့ … လမင်းရဲ့ ကျေးဇူးရှင် အန်တီလေးဆိုလည်း မမှားပါဘူး…. ဒီလိုနဲ့ လမင်း ကျောင်းတတ်ရင် အန်တီလေးက ထိုင်စောင့်နေတတ်တယ် ကျောင်းဆင်းထိ လမင်း မထင်းစားချိန်ဆို အန်တီလေး ထမင်းလာခွံတတ်တယ်လေ ….. လမင်းက မြို့မ ကျောင်းမှာ တတ်တာပါ ခုချိန်ထိ လမင်း သူငယ်ချင်းတွေကို ဝေးနေပေမဲ့ သတိရနေပါတယ်..
လမင်း ၂ တန်းအ၇ွယ်မှာ ကျောင်းမှာပေါ့ ဆရာမက အားလုံးအိပ်ရမယ်လို့ပြောတယ်လေ
ဒါနဲ့ လမင်းလည်း အိပ်ပျော်သွားတာပေါ့.. ကျောင်းဆင်းခေါင်းလောင်းထိုးတဲ့ အချိန်မှာ လမင်းက ကျူရှင် တတ်၇မယ်ဆိုပြီး ဆရာမနောက်လိုက်သွားတာပေါ့ … လမင်း အန်တီလေးနဲ့မတွေ့ဘူးလေ လမင်းလည်း ရှာတာပေါ့ မတွေ့တော့ ဆရာမနောက် လိုက်သွားတယ်…. တကယ်တော့ အဲံဒီနေ့က မိုးက အုံ့နေတယ်လေ အန်တီလေး ထမင်းစားလာခွံတော့ လမင်းက မ၇ှိတော့ဘူး လမင်းကိုပျောက်လို့ လမင်း အန်တီလေးရော
ဟိုဘက်အိမ်က အန်တီတွေရော ပျာယာခတ်ကုန်တာပေါ့ …
လမင်းကလည်းကလည်း ဆရာမနဲ့ လိုက်သွားတယ်လေ ဆရာမ သမီး အိမ်မပြန်ဘူးလားလို့မေးတော့ သမီးကျူရှင်လာတတ်တာလို့ပြောတာပေါ့..
ဆရာမပြူုံးသွားတယ် သမီးလေး ဒါက ထမင်းစားချိန်တဲ့လေ ဆရာမက လမင်းကို ထမင်းခွံကြွေးတာပေါ့ နောက် ဆရာမနဲ့မှ အတူတူကျောင်းကိုပြန်မယ်တဲ့
ဒါနဲ့ လမင်းလည်း ဆရာမ အိမ်ရှေ့လေးမှာထိုင်နေတာပေါ့..
အဲဒီချိန်မှာ လမင်း အန်တီလေး ရောက်လာတယ်..
လမင်းကိုတွေ့တော့သူမှာ မျက်ရည်ဝေ ၀ိုင်းနေတယ်..
အန်တီလေးနဲ့က ငယ်ငယ်လေးကတည်းကနေလာတာလေ သူ့သမီးလိုဖြစ်နေတာပေါ့..
အန်တီလေးကလည်း ဆရာမကိုကျေးဇူးတင်ကြောင်းပြောတယ်..
နောက်လမင်းနဲ့ အိမ်ကိုပြန်ခဲ့တယ်………..
အဲဒီချိန်မှာ လမင်းရဲ့ရင်ထဲမှာလည်း အန်တီလေးကိုတွေ့လိုက်တဲ့ စိတ်ဟာလေ ဘာနဲ့မှကို နှိုင်းမရဘူးး ပျော်လိုက်တာ………………..
အဲဒီချိန်လေးကို ပြန်တမ်းတမိပါတယ် အန်တီလေးရယ်……………………..
ချစ်တဲ့သမီးလေး…………………………..
Friday, January 22, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment