လူတွေက အချစ်ကိုယုံကြည်တဲ့လူုရှိတယ် မယုံကြည်တဲ့လူလည်းရှိတယ် အဲဒီထဲမှာ တစ်ချို့တွေက မပြောဘဲနဲ့ ချစ်လျက်နဲ့သေသွားကြတာတွေရှိတယ် အဲဒီထဲမှာ ခုပြောပြမဲ့ဇာတ်လမ်းလေးကတော့ ပုံပြင်တစ်ပုဒ်မဟုတ်ရပါဘူး တကယ်ဖြစ်ရပ်မှန်လေးတစ်ခုပါ
အဲဒါက
ကောင်မလေးတစ်ရောက်အကြောင်းပေါ့……….
ကောင်းမလေးနာမည်က လမင်း သူ့ကောင်လေးနာမည်တော့ မြတ်နိုးမောင်တဲ့ ကောင်မလေးကကောင်လေးကို မောင်လို့ဘဲခေါ်တတ်တယ်..
ကောင်မလေးကို မောင်က ၀က်ဝံလေးလို့ အမြဲခေါ်တယ်.
မောင်က ကောင်မလေးကို သူ၁၀ တန်းနှစ်ကတည်းက ချစ်နေတဲ့သူလေ..
ကောင်မလေးက ၉ တန်းပေါ့ မောင်ထက် ၁ နှစ်ငယ်တယ်
ဒီလိုနဲ့ဘဲ ကောင်မလေး ၁၀ တန်းဖြေပြီးတော့ အဖြေရတာပေါ့
မောင်က အဲဒီချိန်မှာ ဆေးကျောင်းတတ်နေရပြီလေ
မောင်က ကောင်မလေးကို အချိန်ကြာကြီးချစ်ခဲ့တာ ခုဆို ၃ နှစ်ရှိပြီပေါ့
ဒီလိုနဲ့ဘဲ ကောင်မလေးနဲ့ ချစ်သူဖြစ်ခဲ့တယ်…
မောင်တစ်နေ့တော့ ကောင်မလေးတစ်ယောက်နဲ့တွဲပြခဲ့တယ် ကောင်မလေးရဲ့ရှေ့မှာပေါ့..
မောင်ကပြောတယ် ငါက မင်းကိုမချစ်ဘူးတဲ့ ….. ကောင်မလေး တော်တော်ခံစားခဲ့ရတယ်…
ဒါနဲ့ မောင်က နိုင်ငံခြားကို ထွက်သွားခဲ့တယ်.. မောင်ထွက်သွားပြီးနောက်ပိုင်းမှာ သိခဲ့ရတာက ကောင်မလေးကို သူအရမ်းချစ်တယ်ဆိုတာကိုပါဘဲ…. တစ်နေ့မှာ မောင့်သူငယ်ချင်းတစ်ယောက် ကောင်မလေးကို လာတွေ့တယ် မောင်က ကောင်မလေးကို အရမ်းချစ်ပါတယ်ပေါ့ သူထားချင်လို့ထားခဲ့တာမဟုတ်ပါဘူး သူမှာရောဂါတစ်ခုဖြစ်နေလို့ပါတဲ့
ကောင်မလေး ပိုခံစားရတာပေါ့ သူ့ကို ချစ်လို့ မောင်က တစ်ခြားကောင်မလေးနဲ့တွဲခဲ့တယ်
ငါမင်းကို မချစ်ဘူးဆိုတာတွေ ကောင်မလေး သူ့ကို အရမ်းချစ်လို့ဆိုတာ သိခဲ့တယ်..
နောက်ပိုင်း မောင်က ကောင်မလေးဆီကို အမြဲဖုန်းဆက်တယ် စနေနေ့မှာဆို အွန်လိုင်းမှာတွေ့တယ် ဒါပေမဲ့ မောင်ပြောနေကျစကားက ငါမင်းကို သူငယ်ချင်းလိုဘဲ ခင်တာပါတဲ့ ဘယ်လိုယုံရမှာလည်းဟင် နားလည်ပါတယ် သူတို့နှစ်ယောက် ဖွင့်ဟမပြောပေမဲ့သိပ်ချစ်ကျတာကို နှစ်ယောက်လုံး နားလည်ပါတယ်…
မောင်က ကောင်မလေးကို တစ်ခြားချစ်သူရှာပေးတယ်.. တစ်ခြားကောင်လေးတွေ သူသင့်တော်တယ်ထင်ရင် သူအဲဒီကောင်လေးကို ကြိုက်ဖို့ပြောတတ်တယ်…
ဒီလိုနဲ့ဘဲ ကောင်လေး နောက်ဆုံး အချိန်ရောက်လာခဲ့တယ်……………
ကောင်မလေးကို သူနောက်ဆုံး message တစ်ခုချန်ထားခဲ့တယ် အဲဒါကတော့
“ငါမင်းကို ဘယ်တော့မှမချစ်ခဲ့ဘူး မင်းအခြားတစ်ယောက်ကိုချစ်ပါတဲ့
ငါ့ရင်ထဲမှာ မင်းမရှိဘူး ငါဘယ်တုန်းကမှမချစ်ခဲ့ဘူး ငါ့အတွက် မင်းမျက်ရည်မကျပါနဲ့တဲ့”
မောင်ရဲ့နောက်ဆုံးစာပါဘဲ သူနှူတ်ဆက်စာပေါ့………….
ဒီလိုနဲ့ဘဲ ကောင်မလေးတစ်ယောက်တည်းကျန်ခဲ့တာပေါ့ …………..
လောကကြီးမှာဖြစ်သင့်တာတွေဖြစ်ပြီးရင် ဖြစ်ချင်တာလေးတစ်ခုတော့ဖြစ်ပါရစေ…..
ကိုယ်တိုင်ခံစားရေးဖွဲ့သည်…………………………………………………….
စာရေးသူ
Wednesday, January 20, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment